လှုပ်ရှားမှု ပေါ်ပေါက်စေခြင်း။
လှုပ်ရှားမှု ပေါ်ပေါက်လာခြင်း
းမားသော ပြောင်းလဲမှုများသည် တချိန်က အဓိပ္ပာယ်မရှိပုံရသော လုပ်ရပ်များနှင့် စတင်လေ့ရှိသည်- သေးငယ်သော ဆန့်ကျင်တွန်းလှန်မှုများ၊ ရဲရင့်သော ဖီဆန်အံတုမှုများ၊ သိမ်မွေ့သော မထီမဲ့မြင်လုပ်ရပ်များ၊ ဟာသစွက်သော မနာခံမှုများပါ သည်။ သေးငယ်သော ဆန့်ကျင်တွန်းလှန်မှုများသည် လူ့စိတ်မနော၏ အံ့မခန်း ဉာဏ်ရည်ဉာဏ်သွေး၊ ကြက်သီးမွေးညင်းထဖွယ် ရဲစွမ်းသတ္တိတို့ကို ဂုဏ်ပြု၍ “ဟင့်အင်း” ဟု ငြင်းဆန်ရပ်တည်ခဲ့ကြသော သူများကို ချီးကျူးဂုဏ်ပြုကြသည်။ ကမ္ဘာတဝှမ်း ၂၀ နဲ့ ၂၁ ရာစုနှစ်များတစ်လျှောက် ဆန့်ကျင်တွန်းလှန်မှု (၈၀) ကျော်၏ ဇာတ်လမ်းများကို ပြောပြထားပြီး ယခုစာအုပ်သည် မဖြစ်လာသေးသော မဖြစ်နိုင်သည့်အရာများကို ဖြစ်လာနိုင်ခြေများဟု ခံယူထားသည့် အုပ်စုများနှင့် လူတစ်ဦးချင်းစီအား ဂါရဝပြုပါသည်။