ထိုင်းတောင်ပိုင်း ဖြစ်စဥ်လေ့လာမှု
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဘာသာရေးအခန်းကဏ္ဍ
အဓိက အယူအဆ
ထိုင်းနိုင်ငံတောင်ပိုင်း ရှိငြိမ်းချမ်းရေး လုပ်ငန်းများတွင် မူဆလင်နှင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များသည် စံနမူနာပြ ပုဂ္ဂိုလ်များအဖြစ်လည်းကောင်း ၊ ကိုယ်ကျင့်တရားဆိုင်ရာ နည်းပေးလမ်းညွှန်သူများအဖြစ်လည်းကောင်း အရေးပါသည်နေရာမှ ပါဝင်နေကြပြီး နောက်ပါတပည့်များကို အကြမ်းဖက်မှုအား ရှောင်ရှားရန် ၊ အမျက်ဒေါသနှင့် အကြောက်တရားများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ပြေငြိမ်းစေရန် ကူညီကြသည်။
လက်တွေ့အသုံးချလမ်းညွှန်
ပဋိပက္ခတစ်ခုကို ဘာသာရေးပဋိပက္ခအဖြစ် ပုံဖော်ကြသည့်အခါ ဘာသာရေးသည် အဆိုပါ ပဋိပက္ခဖြစ်စေရန် အဓိကတွန်းအားပေးသည့်အချက် ဖြစ်ချင်မှ ဖြစ်မည်ဆိုသည်ကို သတိပြုရန် အရေးကြီးသည်။ သို့ဖြစ်၍ ဘာသာရေးပြဿနာကိုသာ ဖြေရှင်းရန် ကြိုးစားခြင်းက ပဋိပက္ခတစ်ခုလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ အခြားသော နိုင်ငံရေး ၊ စီးပွားရေး ပြဿနာများကိုလဲ ထည့်သွင်းစဥ်းစား၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
ပြန်လှန်သုံးသပ်ခြင်း
ထိုင်းတောင်ပိုင်းတွင် ဘာသာရေး၏ သြဇာသက်ရောက်မှု - ဂျူလာရတ်ပြောခဲ့သည့်အချက်များအပေါ် အခြေတည်၍ ထိုင်းတောင်ပိုင်း ပဋိပက္ခတွင် ဘာသာရေးသည် အချက် ငါးချက်အားဖြင့် (ကိုးကွယ်ယုံကြည်မှု ၊ လူမှုအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများ၊ အမှတ်သင်္ကေတများ နှင့် ကျင့်သုံးမှုများ နှင့် နာမ်ဝိညာဥ်ပိုင်းဆိုင်ရာ) မည်သို့မည်ပုံ သြဇာသက်ရောက်ပါသနည်း။