ကြိုဆိုပါတယ် ၊ ကျမကတော့ သင်တန်းဆရာမ ဆူဇန်ဟေးဝဒ်ပါ။

ကမ္ဘာကြီးက ဘာသာရေးကိုင်းရှိုင်းတဲ့ နေရာကြီးဖြစ်ပါတယ်။ ဘာသာရေးဟာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ပဋိပက္ခ အခင်းအကျင်းတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဘာသာရေးနှင့် ၎င်းရဲ့ သြဇာလွှမ်းမိုးမှုကို နားလည်ခြင်းဖြင့် ကျမတို့ လက်တွေ့လုပ်ဆောင်မှုတွေကို အထောက်အကူဖြစ်စေသလို သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အားလုံးပါဝင်ပြီး သိနားလည်မှု မြင့်မားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ပုံစံရေးဆွဲရာမှာ အကူအညီဖြစ်စေပါတယ်။ ဒီသင်ခန်းစာမှာ ဘာသာရေးအကြောင်း မိတ်ဆက်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ဘာသာရေးရဲ့ အခန်းကဏ္ဍကို ဥပမာအချို့နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

ရှင်တို့ တက်ရောက်တဲ့အတွက် ကျမတို့ ဝမ်းသာကြိုဆိုပါတယ်။

တကယ်လို့ သင်ခန်းစာတနေရာရာမှာ မေးခွန်းများ မေးစရာရှိလာရင် သို့မဟုတ် အကူအညီလိုအပ်လာရင် Global Campus ကို globalcampus@usip.org အီးမေးလ်ကတဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။


နောက်စာမျက်နှာ