ဒီဂျီတယ် နည်းပညာ၊ မီဒီယာ အသစ်များ နှင့် လူမှုလှုပ်ရှားမှုများ

ပြည်သူ့ ဆန့်ကျင်တွန်းလှန်မှု ၂.၀။ ။ ၂၁ ရာစု အကြမ်းမဖက်လှုပ်ရှားမှုအတွက် လူစုလူဝေးအရင်းအမြစ် စီမံကိန်း

၁၉၇၃ ခုနှစ်တွင် ဂျင်းရှပ်(ပ်) သည် သူ၏ အကြမ်းမဖက်လှုပ်ရှားမှု နည်းစနစ်ပေါင်း ၁၉၈ ခု စာရင်းကို ဖန်တီးခဲ့သည်။ နောက်ပိုင်းနှစ်များတွင် တက်ကြွလှုပ်ရှားသူများသည် မီဒီယာကို သိသိသာသာ ပိုမို လက်လှမ်းမီသုံးစွဲလာနိုင်ခဲ့ကြသည်။ အသုံးပြုသူများကိုယ်တိုင် အကြောင်းအရာများကို အလွယ်တကူဖန်တီးထုတ်လုပ်နိုင်လာခြင်းနှင့် အခမဲ့နီးနီး ကုန်ကျစရိတ်သက်သာစွာဖြင့် ပလက်ဖောင်းအမျိုးမျိုးမှတစ်ဆင့် စာသားနှင့်သာမက ရုပ်ပုံများဖြင့်ပါ ကိုယ်တိုင်ဖြန့်ချီနိုင်လာခြင်းတို့၏ ကျေးဇူးကြောင့် တက်ကြွလှုပ်ရှားသူများက ထုတ်လုပ်လိုက်သည့် မီဒီယာများသည် ယခုအခါ လူထုအများဆီသို့ ရောက်ရှိနိုင်လာသည်။ အကြမ်းမဖက် နည်းလမ်းများ၏ ကျမ်းရင်းကြီးက ဤစွမ်းဆောင်မှု အသစ်များကို မည်ကဲ့သို့ အကင်းပါးစွာ ပေါင်းစပ်ပေးနိုင်မည်နည်း။ မေရီဂျွိုက်စ် တင်ဆက်ခဲ့သည့် ၂၀၁၂ ခုနှစ်ပြုလုပ်ခဲ့သည့် အင်တာနက်ဟောပြောပွဲတွင် ဒီဂျီတယ် ၁၉၈ ၏ ကနဦး ရှာဖွေတွေ့ရှိမှုများကို ပြန်လည် သုံးသပ်ခဲ့သည်၊ ဒီဂျီတယ် ၁၉၈ ဆိုသည်မှာ သူမနှင့် ပက်ထရစ်မေယာတို့ အတူပြုလုပ်ခဲ့သည့် လူစုလူဝေးအရင်းအမြစ်ဖြင့် ဆောင်ရွက်သော စီမံကိန်း တစ်ခုဖြစ်ပြီး ၁၉၈ ခုသော အကြမ်းမဖက် နည်းလမ်းများ၏ ဒီဂျီတယ်ပိုင်းဆိုင်ရာ အဆင့်တိုးမြှင့်လုပ်ဆောင်ချက်များကို ရယူစုဆောင်းကာ သက်ဆိုင်ရာ လူထုအဖွဲ့က ထုတ်လုပ်သည့်၊ မိမိဘာသာ ထုတ်လွှင့်လို့ရသည့်၊ ယှဉ်ပြိုင်အာရုံစိုက်ခံရမှု မြင့်မားသည့်၊ အခမဲ့နီးပါး သဘာဝရှိသည့် ဒီဂျီတယ် မီဒီယာမှ နည်းလမ်းသစ်များကိုပါ ဖြစ်မြောက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ