ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့အကြောင်း အကျဥ်းချုပ်နှင့် အဆိုပါ ကြီးမြတ်သော ဘာသာကြီးနှစ်ခုက အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေးတို့အပေါ် အခြေအနေနှင့် အချိန်အခါပေါ် မူတည်၍ မည်သို့ ရှုမြင်ပုံကို တင်ပြထားပါသည်။ ဘာသာတရားများစွာအနက် ဤဘာသာကြီးနှစ်ခုကို ရွေးချယ်တင်ပြရခြင်းမှာ - ယခုသင်ခန်းစာတွင် ကျွန်ုပ်တို့ သုံးသပ်လေ့လာသွားမည့် ထိုင်းနိုင်ငံတောင်ပိုင်း အကြမ်းဖက်မှုများ ဖြစ်ပွားရာ ဒေသတွင် လူအများကိုးကွယ်ဆည်းကပ်ကြသည့် ဘာသာကြီး များဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ကို အကျဥ်းချုပ် ရှင်းလင်းချက်ကို တင်ပြခြင်းဖြင့် (လိုအပ်သမျှ ကိုသာတိုတိုတုတ်တုတ် တင်ပြထား) ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ၏ အတွေးအခေါ် ၊ ပါဝင်သူများနှင့် အဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက်မှုကို တုန့်ပြန် ရင်ဆိုင်ရာတွင် ဘာသာရေး ဆိုင်ရာ ကမ္ဘာ့အမြင် နှင့် ဓလေ့ထုံးစံများ ကို မည်သို့ကိုးကားအသုံးပြုသည်ကို နားလည်စေရန် ရည်ရွယ်သည်။

အစ္စလာမ် သမိုင်းကြောင်းအကျဥ်းချုပ်

လက်တွေ့အသုံးချလမ်းညွှန်

ကမ္ဘာတစ်လွှားရှိ မူဆလင် လူမှုအသိုင်းအဝိုင်းများသည် မတူကွဲပြားသည့် ကျင့်ကြံမှုများ နှင့် ယုံကြည်မှုများ ရှိကြသော်လည်း အခြေခံကျမ်းစာများနှင့် ယုံကြည်မှုများမှာ အတူတူပင်ဖြစ်သည်ကို သိရှိနားလည်ရမည်။

ဂျီဟာဒ်နှင့် ငြိမ်းချမ်းရေးရှာပုံတော်

အဓိက အယူအဆ

တမန်တော် မိုဟာမဒ်က ဂျီဟာဒ် နှစ်မျိုးနှစ်စားရှိကြောင်း မိန့်ဆိုခဲ့သည်။ သိမ်နုပ်သော ဂျီဟာဒ်ဆိုသည်မှာ တိုက်ခိုက်ခြင်းဖြစ်ပြီး မြင့်မြတ်သော ဂျီဟာဒ်မှာ အဇ္ဈတ္တ ငြိမ်းချမ်းမှုအတွက် ကျင့်ကြံခြင်းဖြစ်သည်။ မကြာသေးခင်နှစ်များက အဆိုပါ နားလည်မှုများကို တခါတရံ ရောနှောလိုက်ကြကြောင်းတွေ့ရသည်။

လက်တွေ့အသုံးချလမ်းညွှန်

အစ္စလာမ် နှင့် မူဆလင်ဆိုသည့် စကားလုံးသည် အာရဗစ်ဘာသာဖြင့် ငြိမ်းချမ်းရေး၏ အဓိပ္ပါယ်ရသော ဆာလမ် ဆိုသည့် ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်။

ပြန်လှန်သုံးသပ်ခြင်း

အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် တလွဲအနက်ပြန်ခြင်း - ကျောင်းတော်အသီးသီးက ကျမ်းစာသားများ ၊ ယုံကြည်ကိုးကွယ်မှုများ နှင့် အခမ်းအနားများကို နားလည်ပုံ မတူညီကြဆိုသည့် အချက်ကို လက်ခံ၍ ယေဘူယျအားဖြင့် ဘာသာရေးအရ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အနက်အဓိပ္ပါယ်ပြန်ဆိုခြင်းသည် မည်သည့် အခန်းကဏ္ဍကပါဝင်နေပါသနည်း။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ