၃.၆ မဟာဗျူဟာ အစီအစဥ်ရေးဆွဲခြင်း
ဗွီဒီယို - မဟာဗျူဟာ အစီအစဥ်ရေးဆွဲခြင်း၏ အစိတ်အပိုင်းများ
ဤဗွီဒီယိုတွင် နာဒင်းန် နှင့် မာရီယာ တို့က ဗျူဟာမြောက် အစီအစဉ်ရေးဆွဲခြင်း၏ အရေးပါပုံနှင့် အစီအစဉ်ရေးဆွဲခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်း အမျိုးမျိုးကို ဆွေးနွေးထားသည်။ ဤအပိုင်းတွင် ဗျူဟာမြောက် အစီအစဉ်ရေးဆွဲခြင်း ပိရမစ်ကို အရင်းအမြစ်တစ်ခုအနေဖြင့် တင်ပြထားသည်။
ဗျူဟာမြောက် အစီအစဉ် ရေးဆွဲခြင်းရှိ အဓိပ္ပာယ်သတ်မှတ်ချက်များ
- မျှော်မှန်းချက်: ရည်မှန်းထားရှိသည့် အသွင်ကူးပြောင်းပြီး ရေရှည်တည်တံ့သော အနာဂတ်တွင် မည်သို့သော စံပြ အခြေအနေများ တည်ရှိမည်ဟူသည့် အကျယ်ပြန့်ဆုံးသော ဖော်ပြချက်။
- တန်ဖိုးများ: အနာဂတ် ကမ္ဘာအတွက် လိုလားသော မျှော်မှန်းချက် တည်ဆောက်ရန် လိုအပ်သည့် မူဘောင်များ ဖြစ်သော အခြေခံသဘောတရားမူများ နှင့် နက်နဲစွာ ကိုင်စွဲထားသည့် ယုံကြည်မှုများ။
- ရည်မှန်းချက် တာဝန်များ: သင့်အုပ်စုတည်ရှိရခြင်း၏ သီးခြား ရည်ရွယ်ချက် သို့မဟုတ် အကြောင်းပြချက် - သင့်မျှော်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် မည်သည်တို့ကို လုပ်ဆောင်လိုသည့် အရာ
- အကဲဖြတ်ချက်: သင်၏ ဖော်ပြထားသော ရည်မှန်းချက်တာဝန်မှ တစ်ဆင့် သင်၏ မျှော်မှန်းချက်ဆီသို့ ရောက်ရှိစေရေးတွင် သက်ရောက်မှု ရှိနိုင်သည့် အားလုံးသော အကြောင်းရပ်များကို စနစ်တကျ အကဲဖြတ်ခြင်း။ အကဲဖြတ်ခြင်းတွင် များသောအားဖြင့် မိမိအဖွဲ့အစည်းတွင်း အားသာချက်နှင့် အားနည်းချက်များ သာမက ပြင်ပ ခြိမ်းခြောက်မှုများနှင့် အခွင့်အလမ်းများကိုပါ သုံးသပ်ခြင်းတို့ ပါဝင်သည်။
- ပန်းတိုင်များ : သင့်အနေဖြင့် ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် တိကျ၍ တိုင်းတာဖော်ပြနိုင်သည့် အရာများ — ဆိုလိုသည်မှာ မည်သည့်အချိန်တွင် မည်မျှ ပြီးမြောက်နိုင်မည်ဟု သတ်မှတ် ဖော်ပြနိုင်ခြင်း။ နောက်ပိုင်းတွင် တိကျသော ပန်းတိုင်အမျိုးအစား - SMARTT ရည်မှန်းချက်ပန်းတိုင်များနှင့် ယင်းတို့က သင့်တာဝန်များ အောင်မြင်ရရှိရန် မည်သို့မည်ပုံ ပိုပြီးထိထိရောက်ရောက်ကူညီနိုင်မည်ကို ဆွေးနွေးသွားမည် ဖြစ်သည်။
- ဗျူဟာမြောက် အဆင့်များ (ဦးတည်ချက်): သင်၏ ဦးတည်ချက် ပန်းတိုင်များကို မည်သို့ ရရှိအောင်မြင်အောင် လုပ်ဆောင်မည်၊ သင်၏ မျှော်မှန်းချက် ဆီသို့ မည်သို့ နီးကပ်စွာ ရောက်ရှိအောင် လုပ်ဆောင်မည် ဆိုသည့် အစီအစဉ်။ ၎င်းတွင် လက်တွေ့ လုပ်ဆောင်နိုင်သော ပြောင်းလဲမှုဆိုင်ရာ သီအိုရီများကို ဖော်ထုတ်ခြင်းတို့ ပါဝင်သည်။
- လုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော်ခြင်: မည်သည့် ရင်းမြစ်/ဘတ်ဂျက် ဖြင့် မည်သူက မည်သည့်အချိန်တွင် မည်သို့သော နည်းပရိယာယ် သို့မဟုတ် လုပ်ငန်းများဖြင့် ဆောင်ရွက်မည်ကို ဖော်ထုတ်ခြင်း။ လုပ်ငန်းအစီအစဉ်များသည် မဟာဗျူဟာအား မည်သို့မည်ပုံ အမှန်တကယ် လုပ်ဆောင်မှုများ သို့မဟုတ် နည်းပရိယာယ်များ ဖြစ်လာမည်ကို အလွန်အသေးစိတ်ဖြစ်စဉ် အဖြစ်သို့ ပြောင်းလဲနိုင်သည်။
- ပြောင်းလဲမှုဆိုင်ရာ သီအိုရီ: ပြောင်းလဲမှုဆိုင်ရာ သီအိုရီသည် ဖော်ပြပါ အဆင့် (၆) ဆင့်ကို အတူတကွ ချိတ်ဆက် ပေးသည်။ သင်၏ မဟာဗျူဟာသည် သင်၏ ရည်မှန်းချက် ပန်းတိုင်ဆီသို့ မည်သို့ ရောက်ရှိ မည်ဆိုသည်ကို ရှင်းပြထားသည့် မဟာဗျူဟာမြောက် ဖော်ပြချက် ဖြစ်သည်။ ဥပမာ - (တစ်စုံတယောက်)ကို (လုပ်ဆောင်ချက်) ကို ပြုလုပ်ရန် (နည်းဗျူဟာ/ ချဉ်းကပ်မှု)က လွှမ်းမိုးထားခြင်းခံရလျှင် (သင်၏ ရည်မှန်းရာ ပန်းတိုင်) သည် ဖြစ်ပေါ်လာမည် ဖြစ်သည်။
မဟာဗျူဟာ အစီအစဥ်ရေးဆွဲခြင်း ပိရမစ်

ပြောစကား
“သင် ဘယ်သွားနေသည်ကို သင်မသိပါက၊ သင်ဟာ တစ်နေရာရာမှာ သွားအဆုံးသတ်ပါလိမ့်မယ်”
— ယောဂိ ဘယ်ရာ (Yogi Berra) —
ဗွီဒီယို - SWOT နည်းလမ်း
ဤဗီဒီယိုတွင် Nadine နှင့် Maria တို့က SWOT နည်းလမ်း၏ အနှစ်ချုပ်၊ SWOT နည်းလမ်း ဘာလဲ၊ အဘယ်ကြောင့် အရေးကြီးလဲဆိုတာကို ဆွေးနွေးသွားမည်။
အဓိက အယူအဆ
SWOT နည်းလမ်း ၏မဟာစွမ်းအားသည် မိမိ၏မဟာဗျူဟာ ရည်မှန်းချက်ပန်းတိုင်များကို ဆုံးဖြတ်ရန် သို့မဟုတ် သဘောပေါက်ရှင်းလင်းစေရန်၊ မိမိ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို ဖော်ထုတ်ရန်၊ ထိရောက်သော မဟာဗျူဟာတစ်ခု ဖြစ်ပေါ်လာစေရန်၊အကဲဖြတ်မှုအပေါ် အခြေခံ၍ ပြောင်းလဲမှုသီအိုရီကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနိုင်စေရန်အတွက် အထောက်အကူပြုနိုင်သည်။
ပြန်လှန်သုံးသပ်ခြင်း
- အကောင်းဆုံးဖြစ်ရပ် (သို့) စည်းရုံးလှုံ့ဆော်ရေးအခွင့်အလမ်းကိုဖော်ထုတ်ခြင်းသည် အစီအစဉ်ရေးဆွဲခြင်းလုပ်ငန်းစဉ်၌ သင့်အား မည်သို့ အကူအညီပေးသနည်း။
- Curle Diagram ရှိ သင်၏ရပ်တည်ချက်သည် သင်၏ရလဒ်များကို မည်သို့ လွှမ်းမိုးသနည်း။