မကြာခဏဆိုသလို ပဋိပက္ခအခင်းအကျင်းတွင် ကျား/မရေးရာ သုံးသပ်လေ့လာမှုကို နောက်မှသာ တွေးမိတတ်ကြသည်။ အကောင်အထည်ဖော်ကြရာတွင်လည်း အားလုံးကို ခြုံငုံထားသည့် အလွန်အကျူး ရိုးရှင်းအောင် ပြုပြင်ထားသော နည်းလမ်းတစ်ခုတည်းဖြင့်သာ ကိုင်တယ်လေ့ရှိကြသည်။ ဤမိတ်ဆက်သင်ခန်းစာသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အစီအစဥ်များရေးဆွဲရာတွင် စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းမှသည် စီမံကိန်း လက်တွေ့အကောင်အထည်ဖော်သည်အထိ ကျား/မရေးရာ သုံးသပ်လေ့လာမှု ကို ထည့်သွင်းအသုံးပြုရန် အဘယ့်ကြောင့် အရေးကြီးကြောင်း မိတ်ဆက်ပေးရန် ဖြစ်သည်။

ဤသင်ခန်းစာ၏ နှလုံးသည်းပွတ်သည် အားလုံးပါဝင်မှုရှိသည့် ကျားမရေးရာ မူဘောင်နှင့် သဘောတရားများ (GIFT) ဟူသည့် စီမံကိန်း ဒီဇိုင်းများတွင် ကျားမရေးရာ လေ့လာသုံးသပ်မှု ပေါင်းစပ်ထည့်သွင်းရန် ထောက်ပံ့ကူညီပေးသည့် အယူအဆလမ်းညွှန် ဖြစ်ပါသည်။ GIFT ၏ အပိုင်းသုံးပိုင်းအနက် တစ်ခုစီသည် ပဋိပက္ခတွင် ကျားမရေးရာ အခြေပြု ကွဲပြားခြားနားမှုကို အတွင်းကျကျ သိမြင်နားလည်စေရန် ရှင်းပြထားသည်။ ထိုနည်းတူစွာ ပိုမိုခြုံငုံလွှမ်းခြုံသော ၊ အပြောင်းအလဲဖြစ်စေနိုင်သော ကျားမရေးရာ အားလုံးပါဝင်သည့် အစီအစဥ်ရေးဆွဲခြင်းအတွက် လမ်းဖွင့်ပေးထားသည်။ ဤသင်ခန်းစာကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အတွက်ရည်ရွယ်၍ ဖန်တီးရေးဆွဲထားသော်လည်း ပါဝင်သည့် အယူအဆများစွာသည် ကျယ်ပြန့်သော ဖွံ့ဖြိုးရေးနယ်ပယ်နှင့် ထိရှလွယ် ပတ်ဝန်းကျင်တွင် လုပ်ဆောင်ရမည့် အခြားသောစီမံကိန်းများအတွက်လဲ ဆီလျော်အသုံးဝင်ပါသည်။

သင်ခန်းစာရည်ရွယ်ချက်များ

ဤသင်ခန်းစာအပြီးတွင် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်လာပါမည် -

  • လူမှုယဥ်ကျေးမှု ရှုထောင့်မှ ကျား/မရေးရာကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်လာမည်
  • ပဋိပက္ခလေ့လာသုံးသပ်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျားမရေးရာ၏ အရေးပါပုံကို ရှင်းပြနိုင်လာမည်
  • စီမံကိန်းဒီဇိုင်းများတွင် ကျားမရေးရာ လေ့လာသုံးသပ်ခြင်းကို ပေါင်းစည်းထည့်သွင်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ကျားမရေးရာ လေ့လာသုံးသပ်ခြင်း မပါဝင်လျှင်ဖြစ်ပေါ်လာနိုင်သည့် အားနည်းချက်များကို ဆွေးနွေးနိုင်လာမည်
  • GIFT ၏ အစိတ်အပိုင်းသုံးခုကို ဖော်ပြ၍ အပိုင်းတစ်ခုစီက ကျားမရေးရာ လေ့လာသုံးသပ်ခြင်းတွင် အဘယ်သို့ပါဝင်သည်ကို ဖော်ထုတ်နိုင်လာမည်
  • GIFT ၏အပိုင်းသုံးခုကို အသုံးပြုထားသည့် ပဋိပက္ခ လေ့လာသုံးသပ်ခြင်းဆိုင်ရာ မေးခွန်းများ ထုတ်နိုင်လာမည်

သင်ခန်းစာ ကြာမြင့်ချိန်

တစ်ဦးနှင့်တစ်ဦး သင်ယူလေ့လာသည့်ပုံစံ မတူညီသော်လည်း သင်တန်းသားအများစုသည် ဤသင်ခန်းစာကို အချိန် ၄-၆ နာရီအတွင်း ပြီးဆုံးကြသည်။

သင်တန်းနည်းပြများ

  • ကက်သလင်း ခီးနက်စ် ၊ ညွှန်ကြားရေးမှူး ၊ ကျားမရေးရာ မူဝါဒနှင့် မဟာဗျူဟာ ဌာန ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့ ၊ ကျားမရေးရာ အားလုံးပါဝင်သည့် မူဘောင်နှင့် သဘောတရားစာအုပ် ရေးသားသူ
  • ရီဘက္ကာအက္ဘနီဇာ အက်ဘီရိုလာ ၊ အကြီးတန်း ပရိုဂရမ် အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့
  • အန်ဒရေဂါစီယာ မာတိနီ ၊ ပရိုဂရမ်မန်နေဂျာ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့
  • နီဂါ အဘေ၊ ပရိုဂရမ်အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့
  • ဒန်နီယယ် ရောဘတ်ဆင် ၊ ပရိုဂရမ်အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့ ၊ ကျားမရေးရာ အားလုံးပါဝင်သည့် မူဘောင်နှင့် သဘောတရားစာအုပ်ကို ပူးတွဲ ရေးသားသူ
  • အီလီနာ လန်ကတ်စတာ ၊ အကြီးတန်း ပရိုဂရမ်အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့

GIFT လမ်းညွှန်စာအုပ်နှင့် ယခုသင်ခန်းစာတွင် အသုံးပြုထားသည့် အနုပညာလက်ရာများအား Luba Lukova က ဖန်တီးထားခြင်း ဖြစ်ပါသည်။ သင်ခန်းစာဗွီဒီယိုများတွင် အသုံးပြုထားသည့် ဓါတ်ပုံများ၏ ဖန်တီးသူများကို သင်ခန်းစာ တစ်ခုစီ၏ ဗွီဒီယိုစာသားများတွင် လင့်ခ်ထည့်သွင်းပေးထားပါသည်။

Related Research & Analysis

Border Security Training Program (BSTP)

Border Security Training Program (BSTP)

Tuesday, February 25, 2025

USIP’s Border Security Training Program (BSTP) trains police officers from Kenya’s Border Police Unit (BPU) and General Service Unit (GSU) who are serving on al-Shabaab’s major transit corridor along the Kenya-Somalia border. The program, which began in 2017, is implemented in partnership with the U.S. Department of State’s Bureau of Counterterrorism and equips Kenyan police with the skills to better understand the civilian environment and cultivate relationships in order to more effectively achieve their mission and counter terrorist activity.

Type: Fact Sheet

La transition en Haïti ne peut réussir sans le leadership des femmes

La transition en Haïti ne peut réussir sans le leadership des femmes

Monday, October 28, 2024

Malgré l’instabilité politique et les bouleversements sociaux les plus graves de son histoire au cours de la dernière décennie, Haïti a désormais l’occasion d’aller de l’avant. La sélection d’un Premier ministre efficace par un Conseil présidentiel de transition offre au pays une chance de rétablir la sécurité et d’organiser des élections pour la première fois depuis 2016. Mais pour que les progrès soient durables, il faudra un mélange de leadership transitoire et de leadership transformationnel. Et cela signifie mobiliser et respecter le rôle essentiel des femmes, qui sont actuellement sous-représentées à tous les niveaux de gouvernement et d’influence.

Type: Analysis

View All Research & Analysis