အကြမ်းဖက်မှုများတွင် ကိုးကွယ်ယုံကြည်မှု၏ ပါဝင်ပတ်သက်မှုကို နားလည်ခြင်း နှင့် ဘာသာရေး အတွေးအခေါ်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်သွယ်ရန် နည်းလမ်းများအား နားလည်ခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးသည်။ ဘာ့ကြောင့်လဲ ဆိုရင် ကမ္ဘာကြီးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့အရပ်ဖြစ်သလို ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဘာသာတရား ကိုင်းရှိုင်းသူများအဖြစ် သူတို့ကိုယ်သူတို့ ဖော်ပြကြပါတယ်။ ဘာသာရေးအဖွဲ့အစည်းများ၊ အတွေးအခေါ်များ နှင့် ပုဂ္ဂိုလ်များဟာ လူ့အဖွဲ့အစည်းကို အခြေခံကျကျ ပုံသွင်းကြသူများဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့ အေးချမ်းသာယာတဲ့ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ ဒီလို အခြေခံ အကျဆုံး အချက်ကို နားလည်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာပေါ်က လူအများစုအတွက် ဘာသာရေးဟာ အခြေခံအကျဆုံး အဓိပ္ပါယ်မူဘောင်တစ်ခု ဖြစ်တဲ့အတွက် တခါတရံမှာ အကြမ်းဖက် ပဋိပက္ခတွေဖြစ်စေဖို့ အင်အားကောင်းတဲ့ တွန်းအားတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ၎င်းဟာ လူအဖွဲ့အစည်းတွင်းမှာ ကွဲပြားမှုကို ဖြစ်စေတဲ့ လက်နက်တစ်ခုသဖွယ် ဖြစ်နိုင်သလို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ကြစေပြီး၊ အချို့လူများအတွက် အကြမ်းဖက် အခြေအနေတစ်ခုသို့ ရောက်အောင် အားပေးတတ်ပါတယ်။ ဒါပေမယ့် ဘာသာတရားဟာ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လူအများကို အကြမ်းဖက်မှု ဖြစ်စဥ် အထွဋ်အထိပ်မှာတောင် ထူးကဲသာလွန် သတ္တိပြောင်မြောက်တဲ့ ငြိမ်းချမ်းရေး လုပ်ရပ်တွေ လုပ်ဆောင်နိုင်စေဖို့ ခွန်အားပေးနိုင်တဲ့ အံ့မခမ်း အရင်းအမြစ်တစ်ခုလဲ ဖြစ်ပါတယ်။ ဒီ သင်ခန်းစာမှာ ဘာသာတရားနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနယ်ပယ်က အဖွဲ့အစည်းအသီးသီးက ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များဟာ ပဋိပက္ခများကို ကာကွယ်ရေး၊ အဖြေရှာရေး၊ ပဋိပက္ခလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ဘယ်လို ပံ့ပိုးကူညီခဲ့ကြတယ်ဆိုတာကို ခြုံငုံတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျမတို့နဲ့ အတူတူ လေ့လာကြရအောင်၊

People from two major religions meet together in Myanmar (Photo - USIP)
မြန်မာနိုင်ငံတွင် ဘာသာကြီးနှစ်ခုမှ ပုဂ္ဂိုလ်များ အတူတကွတွေ့ဆုံကြစဥ် (ဓါတ်ပုံ - USIP)

သင်ခန်းစာရည်ရွယ်ချက်

သင်ခန်းစာရည်ရွယ်ချက်

  • တက်ရောက်သူများသည် ဤသင်ခန်းစာတွင် -
  • ဘာသာရေးက ငြိမ်းချမ်းရေးတည်ဆောက်ခြင်းအား အထောက်အပံ့ပေးပုံ အထူးသဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ကြားဝင်ဖြန်ဖြေရေးတို့ကို အထောက်အကူပြုပုံအား သိရှိလက်ခံစေရန်
  • ဖြစ်စဥ်လေ့လာမှုများကတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့တွင် ဘာသာရေးရှုထောင့်ကို သုံးသပ်လေ့လာရန် နှင့်
  • ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကျား-မ ရေးရာအားလုံးပါဝင်မှု မှန်ဘီလူး၏အရေးပါပုံကို နားလည်ရန်တို့ကို လေ့လာသင်ယူရမည်ဖြစ်သည်။

ဤသင်ခန်းစာကို ဘာသာရေးနှင့် ဓလေ့ထုံးတမ်းအရ ငြိမ်းချမ်းရေးတည်ဆောက်သူများကွန်ယက် (Network for Religious and Traditional Peacemakers ) နှင့် ပူးတွဲရေးဆွဲခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဆာလမ် အင်စတီကျု့ (Salam Institute for Peace and Justice ) ထံမှ အကြံညဏ်များ ရယူခဲ့သည်။

အခန်း ၁ - ကိုးကွယ်ယုံကြည်ရာ ဘာသာတရားမိတ်ဆက်

ပဋိပက္ခကို သြဇာလွှမ်းမိုးသည့် ဘာသာရေးနှင့် ဘာသာရေး ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် အတွေးအခေါ်များ ကိုမိတ်ဆက်တင်ပြထားပြီး ငြိမ်းချမ်းရေးတည်ဆောက်သူများအနေဖြင့် ပဋိပက္ခတွင် ဘာသာရေး ရှုထောင့်ကို နားလည်ရန်နှင့် ထိတွေ့လုပ်ဆောင်ရန် အဘယ့်ကြောင့် အရေးကြီးကြောင်း ရှင်းပြထားသည်။

အခန်း ၂ - အဓိပ္ပါယ်ဖ္ငင့်ဆိုချက်များနှင့် သမိုင်းနောက်ခံ အကြောင်းအရာ

ဘာသာရေးသည် လူမှုအသိုင်းအဝိုင်းများအတွင်း၌ မည်သို့ လှုပ်ရှားလည်ပတ်သည်ကို နားလည်စေမည့် သက်ဝင်ရှင်သန်နေသော ဘာသာရေး ဟူသည့် အယူအဆကို ဆွေးနွေးထားသည်။ ဥပမာအနေဖြင့် ထိုင်းတောင်ပိုင်းတွင် ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခအကြောင်း ဖြစ်စဥ်လေ့လာမှုကို ထည့်သွင်းတင်ပြထားပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့သည် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့တွင် မည်သို့ အပြန်အလှန် တုန့်ပြန်ကြသည် ၊ ဆက်သွယ်နေကြသည်ကို သိမြင်စေသည်။

အခန်း ၃ - လက်တွေ့ ဖြစ်ရပ်ဇာတ်လမ်းများ

ဘာသာရေးက ပဋိပက္ခကို မည်သို့ ပုံသွင်းသည်ကို လေ့လာရန် ပဋိပက္ခ ဖြစ်စဥ် အခင်းအကျင်းတွင် ဘာသာရေး၏ အထူးထူးသော အမျိုးအစားကွဲပြားမှုများနှင့် ရှုထောင့်များကို အထူးသဖြင့် အာရုံစိုက်၍ ပဋိပက္ခအခင်းအကျင်း တစ်ခုစီအလိုက် ဘာသာရေး၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်နိုင်စေရန် လက်တွေ့အသုံးချနည်းလမ်းများကို ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားသည်။ ထိုင်းတောင်ပိုင်း ပဋိပက္ခတွင် ဘာသာရေး၏ အခန်းကဏ္ဍကို သုံးသပ်ချက်များအား တင်ပြထားသည်။

အခန်း ၄ - သီအိုရီ နှင့် လက်တွေ့

ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းလေ့လာ၍ ကြားဝင်ဖြန်ဖြေခြင်းနှင့် ၎င်း၏ ဆုံမှတ်အလားအလာ နှင့် ဘာသာရေးဖြင့် ကြားဝင်ဖြန်ဖြေမှုက အထောက်အကူဖြစ်နိုင်သည့် အခင်းအကျင်းကို စဥ်းစားကာ ဘာသာရေးနှင့် ဘာသာရေး ပုဂ္ဂိုလ်များက ပဋိပက္ခဖြေရှင်းရာတွင် မည်သို့ ကူညီပေးနိုင်ပုံ၊ ပြန်လည်သင့်မြတ်ရေး၏ အခန်းကဏ္ဍ၊ ပဋိပက္ခလွန်ကာလတွင် ရန်ဘက်များအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်သည့် လုပ်ငန်းစဥ် တို့ကို ဆွေးနွေးထားသလို ဘာသာရေးက အဆိုပါ လုပ်ငန်းစဥ်ကို ကြားခံပံ့ပိုးပေးနိုင်သည့် နည်းလမ်းများ နှင့် ကျား-မရေးရာဟူသော အယူအဆ၊ ယင်း၏ ဘာသာရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း တို့နှင့် ဆက်စပ်နေပုံ ၊ ဘာသာရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် ကျား-မ အားလုံးပါဝင်သည့် နည်းလမ်းကို အသုံးပြုခြင်းဖြင့် မည်သို့ တိုးတက်အောင်မြင်နိုင်ပုံ ၊ ကျား-မ အခြေပြု အကြမ်းဖက်မှု ကိစ္စများကို မည်သို့ကိုင်တွယ်နိုင်သည် စသည်တို့ကို ဆွေးနွေးထားသည်။

အခန်း ၅ - နိဂုံး

ဤအခန်းတွင် သင်ယူခဲ့သည့် အကြောင်းအရာများကို ပြန်လည်သုံးသပ်ရန် နှင့် အကြံပြုချက်များ ပေးရန် တောင်းဆိုထားပါသည်။ အခန်းဆုံး စာမေးပွဲ ဖြေဆို၍ အောင်မြင်ပါက သင်တန်းဆင်းလက်မှတ် ရရှိပါမည်။

ပို့ချသူများ

  • ဆူဇန်ဟေးဝဒ် - ညွှန်ကြားရေးမှူး ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့

Related Research & Analysis

The Current Situation in Burma

The Current Situation in Burma

Monday, February 10, 2025

Following 10 years of gradual progress on political and economic liberalization—and a landslide victory for the NLD in the 2020 election—the Burmese army took power in a coup on February 1, 2021, just hours before the newly elected members of Parliament were set to convene. The army has quickly reversed hard-won progress toward democracy and human rights in Burma. It has arrested elected officials, activists, and journalists, done away with even the most basic civil and political rights, blocked access to social media, and, intermittently, to the internet entirely.

Type: Fact Sheet

Harnessing the Power of Sacred Sites to Foster Peaceful Pluralism

Harnessing the Power of Sacred Sites to Foster Peaceful Pluralism

Thursday, November 14, 2024

Diversity is a 21st-century reality, as people and faiths are intermixing as never before. Fear of the religious “other” leads to divisions, hostility, instability and violence impacting people and places. Consequently, it is essential to recognize how sacred spaces can also serve as powerful catalysts for peace and understanding rather than focal points for conflict. While the news often emphasizes violence and destruction, there are inspiring examples of sacred sites fostering inclusion and dialogue.

Type: Analysis

How Ukraine is Navigating Russia’s Weaponization of Religion

How Ukraine is Navigating Russia’s Weaponization of Religion

Tuesday, November 5, 2024

Since 2014, Ukraine has been trying to repel escalating Russian aggression. But while Russia is a much larger country, with far more weaponry and manpower, their efforts to undermine Ukrainian state sovereignty extend far beyond armed combat. The Kremlin has used its close ties to the Russian Orthodox Church (ROC) to weaponize religion in favor of Russian interests.

Type: Analysis

Beyond the Dayton Accords: Resolving Bosnia-Herzegovina’s Frozen Conflict

Beyond the Dayton Accords: Resolving Bosnia-Herzegovina’s Frozen Conflict

Wednesday, October 23, 2024

Looking out from the town hall in downtown Sarajevo, you’d be hard pressed to find evidence of the nearly four-year-long siege that devastated the city during the Bosnian War. The surrounding area is clean and filled with new and repaired buildings — even the town hall itself is a restoration of the pre-war library that once occupied the space. 

Type: Analysis

View All Research & Analysis