အကြမ်းမဖက်လုပ်ဆောင်မှု
ဤသင်ခန်းစာတွင် အကြမ်းမဖက် လှုပ်ရှားမှုများ၏ သမိုင်းကြောင်းနှင့် လှုပ်ရှားပြောင်းလဲမှုများကို လေ့လာထားသည်။ ၎င်းတွင် အကြမ်းမဖက် လှုပ်ရှားမှုနည်းစနစ် အမျိုးအစားများနှင့် ပြည်သူ့အာခံမှု မဟာဗျူဟာများ နှင့် ကမ်ပိန်းများတွင် အသုံးပြုသည့် အဓိက သီအိုရီအချို့ကို ထည့်သွင်းထားသည်။
သင်ခန်းစာ ရည်ရွယ်ချက်များ
ဤသင်ခန်းစာအပြီးတွင် သင်တန်းသားများသည် -
- အကြမ်းမဖက် လှုပ်ရှားမှုများ၏ အရေးကြီးပုံကို ဖော်ပြလာနိုင်မည်
- အကြမ်းမဖက် လုပ်ဆောင်မှုသည် နိုင်ငံရေး ၊ စီးပွားရေးနှင့် လူမှုရေး အပြောင်းအလဲများ မည်သို့ နှင့် ဘာ့ကြောင့် သယ်ဆောင်လာနိုင်သည်ကို စနစ်တကျဖော်ထုတ်ဆွေးနွေးနိုင်လာမည်
- အကြမ်းမဖက် ပြည်သူ့အာခံမှုနှင့် ယင်း၏ အခြားသော လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများနှင့် မည်သို့ ကွာခြားပုံကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်လာမည်
- ပါဝါ၏ မူဘောင်များနှင့် သီအိုရီများကို ဖော်ထုတ်၍ အကြမ်းမဖက် လုပ်ဆောင်မှုကို အားကောင်းအောင် အထောက်အပံ့ပြုပုံကို ဖော်ထုတ်နိုင်လာမည်
- အကြမ်းမဖက် လုပ်ဆောင်မှု ဆိုင်ရာ သီအိုရီများ ၊ အခြေခံမူဝါဒများကို လက်တွေ့နှင့် ချိတ်ဆက် အသုံးပြုနိုင်လာမည်။
အချိန်ကာလ
တစ်ဦးနှင့်တစ်ဦး သင်ယူလေ့လာမှု ပုံစံ မတူညီကြသော်လည်း သင်တန်းသားအများစုသည် ဤသင်ခန်းစာကို ကိုယ်တိုင်လေ့လာရာတွင် အချိန် ၃-၅ နာရီခန့် ကြာတတ်သည်။
သင်တန်းနည်းပြများ
- ဒေါက်တာ မာရီယာ စတက်ဖန် - ပြည်သူ့အာခံမှုရေးရာ ကျွမ်းကျင်သူ နှင့် အကြမ်းမဖက် လှုပ်ရှားမှု ရေးရာ ညွှန်ကြားရေးမှူးဟောင်း ၊ USIP
- ဒါရန် ကမ်ဘရေ့ချ် - Professional Development Portfolio Manager (EPIC), Training Resources Group, Inc.
- အေသီယာ မစ်ဒယ်လ်တန်-ဒန်ဇနာ - ညွှန်ကြားရေးမှူး ၊ PeaceTech Labs