Synergizing Nonviolent Action and Peacebuilding guide cover

အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့အားပေါင်းစပ်ခြင်း (SNAP) သင်ခန်းစာ

သပိတ်မှောက်မလား  သို့မဟုတ် ညှိနှိုင်းဆွေနွေးမလား? ဖိအားပေးမလားသို့မဟုတ် စေ့စပ်ဆွေးနွေးမလား?  တရားမျှတပြီး ရေရှည်တည်တံ့နိုင်သော ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် မည်သည့်ချဉ်းကပ်မှုများကို မည်သို့သော အစီအစဉ်အလိုက် ပြုလုပ်ခြင်းက အကျိုးသက်ရောက်မှုအရှိဆုံးလဲ?

၁၉၇၁ ခုနှစ်တွင် အမျိုးသမီးဝါဒီ အကြမ်းမဖက် တက်ကြွလှုပ်ရှားသူ Barbara Deming က တက်ကြွလှုပ်ရှားသူများသည် “အကြမ်းမဖက်မှု လက်နှစ်ဖက် “ - မတရားမှုများ ရပ် ဟူသည့် သင်္ကေတ ဖြစ်သော လက်ဝါးကာသည့် လက်တစ်ဖက် နှင့် လက်ဆွဲနှုတ်ဆက်ရန် ကမ်းပေးသော လက်တစ်ဖက် လိုအပ်သည်ဟူ၍ တော်လှန်ရေးနှင့် ဟန်ချက်ညီမှု အကြောင်း ရေးသားခဲ့သည်။  တရားမျှတသော၊ အားလုံးပါဝင်သော နှင့် ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် စိတ်အားထက်သန်၍ တိုက်ရိုက်လှုပ်ရှားမှု၊  ဆက်ဆံရေး တည်ဆောက်ခြင်း၊  စေတနာ့ဝန်ထမ်းများစည်းရုံးခြင်း၊  အပြန်အလှန်ဆွေးနွေးခြင်း နှင့် စေ့စပ်ညှိနှိုင်းခြင်း တို့ပါဝင်သော အမျိုးမျိုးသော ချဉ်းကပ်မှုများကို အသုံးပြုနိုင်သော လူများလိုအပ်သည်။

သော် ဒီလုပ်ဆောင်မှုများသည် တစ်ခါတစ်ရံတွင် သီးခြားစီ သို့မဟုတ် သဟဇာတမဖြစ် သလိုထင်ရတတ်သည်။  အောက်ခြေလူတန်းစား တက်ကြွလှုပ်ရှားသူများသည် ဆန္ဒပြပွဲများ နှင့် အခြားသောအကြမ်းမဖက်တိုက်ရိုက်လှုပ်ရှားမှု၏ပုံစံများတွင် ဘယ်လိုပါဝင်ရမည်ကိုသိသည် သို့သော် ၎င်းတို့သည် ကွဲပြားသောအဖွဲ့များနှင့် ထင်မြင်ချက်များကို အသားပေးထည့်သွင်းစဉ်းစားသည့် ပညာသားပါသောအစည်းအဝေးတစ်ခုကိုဖြစ်မြောက်အောင်ဆောင်ရွက်ခြင်းတွင် အတွေ့အကြုံနည်းပါးနိုင်သည်။ ငြိမ်းချမ်းရေးတည်ဆောက်သူများသည် အပြန်အလှန်ဆွေးနွေးခြင်း သို့မဟုတ် စေ့စပ်ညှိနှိုင်းခြင်း တွင် ထူးချွန်နိုင်သည် သို့သော် ၎င်းတို့သည် အဖွဲ့တစ်ဖွဲ့ကအခြားထက်ပိုပြီး ပါဝါရှိနေသော အခါတွင်အခက်တွေ့နိုင်ပြီးတရားမျှတသောဖြေရှင်းချက်ကိုရရှိရန်ခက်ခဲစေနိုင်သည်။ ချဉ်းကပ်နည်းတစ်ခုစီ တိုင်းတွင် ၎င်းတို့ကိုယ်ပိုင် သမိုင်းကြောင်း၊ လူထုကျင့်သုံးမှု၊ စာအုပ်စာတမ်း နှင့် ပညာရေးနှင့် လေ့ကျင့်ရေး ပရိုဂရမ်များရှိသည်။ 

ယခုသင်ခန်းစာသည် အဆိုပါ သီးခြားဖြစ်မှုကို လျှော့ချရန် နှင့် နယ်ပယ်နှစ်ခုလုံးတွင် မဟာဗျူဟာ အမြောက်ဆုံး နှင့် အကျိုးသက် ရောက်မှုအရှိဆုံးနည်းလမ်းများက တရားမျှတမှု မြှင့်တင်ရန် ၊ လူ့အခွင့်အရေး ကို အထောက်အကူပေးရန်  နှင့် ရေရှည်တည်တံ့နိုင်သော ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်ခုနှင့် တစ်ခု ဘယ်လို အားဖြည့်ပေးနိုင်ပုံကို ဥပမာပြလိုခြင်းဖြစ်ပါတယ်။ ၎င်းသည် အမျိုးမျိုးသော ညွန့်ပေါင်းဖွဲ့စည်းလုပ်ဆောင်မှုများအား အတူတကွ ပေါင်း စည်းရန်၊  ထောက်ခံအားပေးသူများကို စည်းရုံးရန် နှင့် ပါဝါရွှေ့ပြောင်းရန် နည်းလမ်းရှာဖွေနေသော တက်ကြွလှုပ်ရှားသူ များ နှင့် ပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးရန် နှင့် စေ့စပ်ညှိနှိုင်းမှုများတွင်အရှိန်အဝါ ရရှိရန်အတွက် ပါဝါ အချိုးမညီမှုများကိုထုတ်ဖော်ပြောဆိုရန် နှင့် အဓိကအကြောင်းအရာများကို ပြည်သူလူထုသတိပြုမိမှုရှိအောင်ပြုလုပ်ရန် ကြိုးစားနေသောငြိမ်းချမ်းရေးတည်ဆောက်သူများအတွက် ဖြစ်သည်။ 

Video: Course Overview

သင်ရိုး၏ရည်ရွယ်ချက်များ

သင်တန်းသားများသည် - 

  • မကျေနပ်ချက်များကိုပြောဆိုရန် နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာပြုလုပ်နိုင်ရန် အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နည်းလမ်းများ နှင့် ချဉ်းကပ်နည်းများကို မည်သို့ မဟာဗျူဟာမြောက် ပေါင်းစပ်နိုင်သည်ကို  စူးစမ်းလေ့လာခြင်း။ 
  • အပြန်အလှန်ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း နှင့် အများပြည်သူ သိရှိမှု မြှင့်တင်ခြင်း ဆိုင်ရာ တိုက်ရိုက်လှုပ်ရှားမှု များကို မည်သို့ အစဉ်လိုက် ပြုလုပ်ရန်၊ ပါဝါတည်ဆောက်ရန် နှင့် ရေရှည်တည်တံ့သောရလဒ်များကို ပိုမိုကောင်းမွန်စေရန် တို့ကို အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေးတည်ဆောက် ခြင်းနယ်ပယ်များမှ မဟာဗျူဟာမြောက် အစီအစဥ် ရေးဆွဲခြင်း နှင့် ပဋိပက္ခ ဆန်းစစ် အကဲဖြတ်ခြင်း နည်းကိရိယာများကို အကျိုးရှိစွာအသုံးချခြင်း။ 
  • အွန်လိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုကိုမြှင့်တင်ရန်၊ အကြမ်းဖက်ပဋိပက္ခ ကို ပိတ်ဆို့ရန် နှင့် ရေရည်တည်တံ့နိုင်သောငြိမ်းချမ်းရေးကိုတည်ဆောက်ရန် လုပ်ဆောင်နေသော လုပ်ဖော်ကိုင်ဖက် တက်ကြွလှုပ်ရှားသူများ နှင့် ငြိမ်းချမ်းရေးတည်ဆောက်သူများနှင့် ဆက်သွယ်ခြင်း။ 

သင်တန်းနည်းပြများ 

ဒေါက်တာ မာရီယာ ဂျေ စတက်ဖန် (Maria J. Stephan) ညွှန်ကြားရေးမှူး၊ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့

ဒေါက်တာ မာရီယာ ဂျေ စတက်ဖန် သည် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ ၏ အကြမ်းမဖက် လှုပ်ရှားအစီအစဥ် ညွှန်ကြားရေးမှူးဖြစ်ပြီး   ပြည်သူ့အာခံမှု၊ အကြမ်းမဖက်လှုပ်ရှားမှုတို့နှင့် ပဋိပက္ခအသွင်ပြောင်းလဲခြင်းနှင့် တရားမျှတသောငြိမ်း ချမ်းရေးတို့မြှင့်ခြင်းတို့ဆိုင်ရာ လက်တွေ့အသုံးချ သုတေသန၊ သင်တန်းပို့ချခြင်း နှင့် ပညာရေး၊ မူဝါဒများ နှင့် လက်တွေ့ဆောင်ရွက် အကောင်အထည်ဖော်မှုများအား သတင်းအချက်အလက်ပံ့ပိုးပေးခြင်းတို့ကို အဓိက လုပ်ဆောင်ပါသည်။ သူမသည် ယခင် Atlantic ကောင်စီ၏ non-resident senior fellow တစ်ယောက်ဖြစ်ခဲ့ပြီး အာဏာရှင်စနစ်၏ အနာဂါတ် စီမံကိန်းကို ပူးတွဲဦးဆောင်ခဲ့သူဖြစ်သည်။ ယင်းမတိုင်ခင်က စတက်ဖန် သည် U.S State Department’s Bureau of Conflict နှင့် Stabilization Operations (CSO) တွင် နိုင်ငံခြားရေးအရာရှိချုပ် အဖြစ်တာဝန်ယူကာ အာဖဂန်နစ္စတန် နှင့် ဆီးရီးယား ဆိုင်ရာ မူဝါဒများ ၊ စီမံကိန်းများကို ဦးဆောင်ခဲ့သည်။ ထိုမျှသာမက စတက်ဖန် သည် အကြမ်းမဖက် လှုပ်ရှားမှုများဆိုင်ရာ ဗဟုသုတ အသိပညာများ ဖြန့်ဖြူးရေးကို အဓိကထားသည့် ပုဂ္ဂလိက ဖောင်ဒေးရှင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ပဋိပက္ခ စင်တာတွင် မူဝါဒနှင့် သုတေသန ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ သူမသည် Georgetown University’s School of Foreign Service နှင့်  American University’s School of International Service တွင် လူ့အခွင့်အရေးများ နှင့်  ပြည်သူ့အာခံမှု ဆိုင်ရာ သင်တန်းများ ပို့ချနေခဲ့သည်။

နာဒင်း ဘလော့ချ် ၊ သင်တန်းရေးရာ ညွှန်ကြားရေးမှူး ၊ Beautiful Troubl

နာဒင်း ဘလော့ချ် သည် ယခုလက်ရှိတွင် Beautiful Trouble ၏ သင်တန်းရေးရာ ညွှန်ကြားရေးမှူး ဖြစ်သည်။ သူမသည် ဆန်းသစ်တီထွင်သောအနုပညာရှင် ၊ အကြမ်းမဖက်ရေးဝါဒီ ၊ နိုင်ငံရေးစီမံခန့်ခွဲသူ၊ တိုက်ရိုက်လှုပ်ရှားမှု သင်တန်းနည်းပြ နှင့် ရုပ်သေးကြိုးဆွဲဆရာမ တစ်ယောက်ဖြစ်သည်။ သူမက အနုပညာနှင့် နိုင်ငံရေး တို့ ကူးလူးဖြတ်သန်းရာ နယ်ပယ်ကို စူးစမ်းလေ့လာသည်။ ဆန်းသစ်သော ယဉ်ကျေးမှု အာခံမှုသည် ထိရောက်သည့် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်သည် သာမက ကျွန်ုပ်တို့၏ဘဝကို ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်တောင်းဆိုခြင်း၊ ဖိနှိပ်သည့် စနစ်များကို တွန်းလှန်ခြင်း နှင့် လူ့အဖွဲ့အစည်းအတွက် ရင်းနှီးမြုပ်နှံခြင်းတို့ကို ပျော်ရွှင်ဖွယ်လုပ်ဆောင်နိုင်စေသော ထိရောက်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သူမသည် Greenpeace၊ Labor Heritage Foundation၊ Nonviolence International၊ Ruckus Society၊ HealthGAP and Housing Works နှင့် Bread & Puppet ပြဇာတ်ရုံတို့နှင့်လဲ အလုပ်များ လုပ်ဆောင်ခဲ့သည်။ သူမသည် Beautiful Trouble and We Are Many ၊ Reflections on Movement Strategy from Occupation to Liberation ( 2012, AK Press) တို့တွင် ပါဝင်ရေးသားခဲ့သူလည်း ဖြစ်သည်။ သူမသည် WagingNonviolence ၏ “The Arts of Protest.”  တွင် လစဉ် ပင်တိုင်ဆောင်းပါးများရေးသားနေသည်။

လီဆာ ချာ့ချ် (Lisa Schirch)၊ အကြီးတန်းသုတေသနအဖွဲ့ဝင်၊ Toda ငြိမ်းချမ်းရေးအင်စတီကျု့

လီဆာချာ့ချ် သည် Toda ငြိမ်းချမ်းရေးအင်စတီကျု့၏အကြီးတန်း သုတေသနအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး “လူမှုကွန်ယက် မီဒီယာ နည်းပညာ နှင့် နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း” သုတေသန အစီအစဥ် ကို ဦးဆောင်သည်။ သူမသည် ဂျော့ချ်မေဆွန် တက္ကသိုလ် (George Mason University) တွင် ပဋိက္ခ သုံးသပ်ခြင်း နှင့် ဖြေရှင်းခြင်း ဆိုင်ရာ ဧည့်ပါမောက္ခ တစ်ဦးဖြစ်သကဲ့သို့ အရှေ့ပိုင်း မန်နိုနိုက် တက္ကသိုလ် (Eastern Mennonite University) ရှိ နွေရာသီ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အင်စတီကျု့တွင် သင်တန်းကျောင်းတွင် သင်ကြားပို့ချနေသူ လည်းဖြစ်ကာ အဆိုပါ တက္ကသိုလ်၌ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်သည်။ ချာ့ချ် သည် သင်တန်းပို့ချသူလဲဖြစ် ၊ ပါမောက္ခတစ်ဦး လည်းဖြစ်သည့်အတွက် သဘောတရား နှင့် လက်တွေ့ဖြစ်စဥ်များ ရောနှောထားသည့် အပြန်အလှန် ပြင်ဆင်မွမ်းမံနိုင်သော နှင့် ဖြစ်ရပ်အခြေပြု သင်ကြားနည်းကို အသုံးပြုသည်။ ချာ့ချ် သည် အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ ပေါင်းစပ်ခြင်းတို့ကို  နှစ်ပေါင်း၂၅ နှစ်ကျော်အောင် လက်တွေ့ ကျင့်သုံး၊ စာပေများ ရေးသား၍ တက္ကသိုလ်များတွင် သင်ကြားပေးခဲ့သူဖြစ်သည်။ ယခင် အရှေ့ပိုင်း နှင့် အနောက်ပိုင်း အာဖရိကတို့၌ Fulbright ပညာသင်ဆုရရှိသူတစ်ဦးအဖြစ် စာအုပ် ၁၀ အုပ် ရေးသားပြီးစီး ခဲ့သည်သာမကာ Little Book of Strategic Peacebuilding၊ a Hands-on Guide to Dialogue on Difficult Subjects ၊ Conflict Assessment and Peacebuilding Planning နှင့် The Ecology of Violent Extremism တို့အပါအဝင် ဆောင်းပါးများစွာကို ပူးတွဲတည်းဖြတ်ခဲ့သူ တစ်ဦးဖြစ်သည့်အပြင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် လူမှုကွန်ယက် မီဒီယာ၏ အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသန အစီရင်ခံစာ မြောက်များစွာကို ရေးသားခဲ့သည်။

သင်တန်းနည်းပြများ

တဘက်သာ သွမ်မ်ဆင် (Tabatha Thompson) ပရိုဂရမ်အရာရှိ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့

တဘက်သာ သည် အကြမ်းမဖက်လှုပ်ရှားမှု အစီအစဥ် တွင် ပရိုဂရမ်အရာရှိ တစ်ဦးဖြစ်သည်။ သူမသည် အကြမ်းဖက်ပဋိပက္ခကို အသွင်ပြောင်းရန် နှင့် တရားမျှတသော ငြိမ်းချမ်းရေးကို မြှင့်တင်ရန် လုပ်ဆောင်နေသော အကြမ်းမဖက် လှုပ်ရှားမှုများကို ပိုမို နားလည်၍ ကူညီ ထောက်ပံ့ပေးနိုင်ရန် လက်တွေ့ အသုံးချ သုတေသန၊ လေ့ကျင့်ရေး နှင့် သင်ကြားရေးတို့ကို တာဝန်ယူ လုပ်ကိုင်နေသည်။ သူမသည် ပရိုဂရမ်၏ အကြမ်းမဖက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းပေါင်းစပ်မှု (SNAP) သင်တန်းပို့ချမှုများကို ဦးဆောင် သည်။ USIP သို့ မဝင်ရောက်မှီက တဘက်သာသည် အကျိုးအမြတ်မယူသည့် ပါတီစွဲကင်းစင်သော ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ဌာနတွင် ခေါင်းဆောင်မှု ဖွံ့ဖြိုးရေး အစီအစဥ်ကို နှစ်ပေါင်းများစွာ ဦးဆောင်၍ ဖယ်ဒရယ်အစိုးရ၏  လုပ်ငန်းဆောင်တာများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကို တတပ်တအား ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။ အဆိုပါ ကာလအတောအတွင်း တဘက်သာသည် DC၏အကြီးမားဆုံး စေတနာ့ဝန်ထမ်း လူကုန်ကူးမှုဆန့်ကျင်ရေး ၊ DC ခေတ်သစ်ကျွန်ပြုမှု ရပ်တန့်ရေး တို့တွင် ဝါရှင်တန်ဒီစီ ဧရိယာအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အများပြည်သူ အသိအမြင် တိုးပွားလာစေရန် လုပ်ဆောင်ခဲ့သည်။ သူမသည် အရေးပေါ် နှင့် ပဋိပက္ခ အခြေအနေများတွင် လူထုနှင့် ထိတွေ့၍ လုပ်ပိုင်ခွင့် တိုးမြင့်စေခြင်းတို့ကို အထူးတလည် စိတ်ဝင်စားသည်။ သူမသည် တောင်ဆူဒန်၊ ဆူဒန်နိုင်ငံ ၊ ကင်ညာနှင့် ယူကရိန်း နိုင်ငံများ၌ ဒေသခံ တက်ကြွလှုပ်ရှားသူများ နှင့် ငြိမ်းချမ်းရေး တည်ဆောက်သူများ နှင့် လက်တွဲ၍ လက်တွေ့ သုတေသနများ ပြုလုပ်ကာ သင်တန်းများ ပို့ချပေးခဲ့သည်။ တဘက်သာသည် ကိုလံဘီယာ တက္ကသိုလ်၊ နိုင်ငံတကာနှင့် ပြည်သူ့ရေးရာ ကျောင်းမှ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒ ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့ပြီး၊ ဂျော်ဂျီယာ နည်းပညာအင်စတီကျု့မှ နိုင်ငံတကာရေးရာ နှင့် ခေတ်သစ် ဘာသာစကား ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့သည်။

မီရင်ဒါ ရေးဗားစ် (Miranda Rivers၊) လက်ထောက် အကြီးတန်း ပရိုဂရမ်အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့ 

မီရင်ဒါ ရေးဗားစ် သည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့မှ အကြမ်းမဖက်လှုပ်ရှားမှု ပရိုဂရမ်၏ လက်ထောက် အကြီးတန်း ပရိုဂရမ်အရာရှိတစ်ဦးအဖြစ် တရားမျှတမှုကို မြှင့်တင်ခြင်း နှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လှုပ်ရှားမှုများဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းနှင့် သင်တန်းများပို့ချခြင်း တို့ ဆောင်ရွက်သည်။ USIP သို့ မဝင်ရောက်မှီ မီရင်ဒါသည် ဆီနီဂေါနိုင်ငံ ၊ ဒါကာ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ENDA Tiers Monde တွင် ဆက်သွယ်ရေးနှင့် အစီအစဥ်မှူးအဖြစ် လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲ၍ ရေရှည်ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည်။ မီရင်ဒါသည် အရီဇိုးနားပြည်နယ်၊ Phoenix ရှိ Somali American United Council ၌ ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ ၊ ဆိုမာလီယား၊ ဆူဒန်နှင့် ဆီးရီးယားတို့မှ ဒုက္ခသည်များအပါအဝင် နိုင်ငံတကာမှာ ဒုက္ခသည်များအတွက် သင်ရိုးညွှန်းတန်းများ ရေးဆွဲခြင်း၊ အင်္ဂလိပ်စာ သင်တန်းများ ပို့ချခြင်းတို့ကို နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ မီရင်ဒါသည် Associated Press တွင် လက်ထောက်သတင်းထောက်အဖြစ် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်ပေါင်း ၁၃ ခုအတွက် သတင်းဦးများ၊ အသေးစိတ် သတင်းဆောင်းပါးများ ရေးသားခြင်း၊ တည်းဖြတ်ခြင်းတို့ဖြင့် စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူမသည် အမေရိကန် တက္ကသိုလ်၊ နိုင်ငံတကာရေးရာကျောင်းမှ ပဋိပက္ခ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်း အထူးပြုဘာသာရပ်ဖြင့် နိုင်ငံတကာရေးရာ မဟာဘွဲ့ ရရှိခဲ့သည်။ အရီဇိုးနား ပြည်နယ်တက္ကသိုလ်မှ သတင်းပညာ ဘွဲ့ကိုလဲ ရရှိခဲ့သည်။

အာလ်ရှာ ဂျီ စီရင်လျူးဝဇ် (Alysha G. Cieniewicz) ၊ ပရိုဂရမ် အရာရှိ ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့

အာလ်ရှာ သည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့ တွင် ရုံးချုပ် နှင့် အွန်လိုင်းသင်ကြားရေး အစီအစဥ်ဆိုင်ရာ ပရိုဂရမ်အရာရှိတစ်ဦးဖြစ်သည်။ သူမသည် အွန်လိုင်းသင်တန်းများ နှင့် လူတွေ့သင်တန်းများ အတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း နှင့် သင်ကြားပို့ချမှု ဒီဇိုင်းများရေးဆွဲခြင်းတို့ကို တာဝန်ယူ လုပ်ဆောင်သည်။ USIP သို့မဝင်ရောက်ခင်က အာလ်ရှာသည် ၆-၁၂ တန်း လူမှုရေးသိပ္ပံ နှင့် အင်္ဂလိပ်စာသင်ကြားပေးသည့် ဆရာမအဖြစ် တောင်ပိုင်း ကာရိုလိုင်းနားတွင် ၅ နှစ်လုပ်ကိုင်ခဲ့သည်။ အဆိုပါ ကာလအတွင်း သူမသည် Academic Primary Leader for People to People Student Ambassadors အဖြစ် တာဝန်ယူ၍ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမာန် အစီအစဥ်တွက် ရက်သတ္တနှစ်ပတ်ကြာ သင်ရိုးညွှန်းတမ်းကို ရေးဆွဲခဲ့သည်။ သူမ ပါရဂူဘွဲ့ အတွက် လေ့လာနေစဥ်ကာလအတွင်း အာလ်ရှာသည် ခေါင်းဆောင်မှုပညာ၊ အဖွဲ့လိုက် ထိရောက်မှု၊ အဖွဲ့အစည်းတွင်း မတူညီသည့် ယဥ်ကျေးမှုအချင်းချင်းအကြား သိနားလည်မှုမြှင့်တင်ခြင်း၊ နှင့် ဖယ်ဒရယ်အစိုးရတွင်း အဖွဲ့အစည်း သန္ဒိဌာန် တို့ကို အထူးအာရုံစိုက် သုတေသနပြုခဲ့သည်။ အာလ်ရှာသည် ဂျော့ဝါရှင်တန် တက္ကသိုလ်မှ လူသားနှင့် အဖွဲ့အစည်းဆိုင်ရာ သင်ယူမှုဘာသာရပ်ဖြင့် Ed.D  ဘွဲ့၊ ကမ်းရိုးတန်း ကာရိုလိုင်းနားတက္ကသိုလ်မှ သင်ကြားမှု ၊ သင်ယူမှု အထူးပြု M.Ed  ဘွဲ့နှင့် စိန့်ဂျိုးဇက် တက္ကသိုလ်မှ သမိုင်းနှင့် အလယ်တန်းပညာရေးဆိုင်ရာ ဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့သည်။ 

ဧည့် ကျွမ်းကျင်ပညာရှင်များ

  • အယ်လင်စင် မီလော့ဖ်စကီး ၊ ညွှန်ကြားရေးမှူး ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့
  • ဒါရင် ကမ်းဘရေ့ချ် ၊ Professional Development Portfolio Manager၊ EPIC 
  • အယ်သီယာ မစ်ဒယ်လ်တန်-ဒတ်ဇနာ၊ ညွှန်ကြားရေးမှူး ၊ PeaceTech Labs
  • SNAP လမ်းညွှန်စာအုပ် ကိုရယူရန် သင်တန်းရင်းမြစ် ဖိုင်သို့ဝင်ရောက်ပါ။