အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုသည် ပဋိပက္ခများကိုစီမံဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အွန်လိုင်းသင်ခန်း စာများကို သင်ကြားပေးလျက်ရှိနေရာ ကမ္ဘာပေါ်ရှိမည်သူမဆို အခမဲ့ သင်ယူလေ့လာနိုင်ပါသည်။ သင်တန်းတက်ရောက်သူများသည် သင်ခန်းစာတခုပြီးဆုံးသည့်အခါတိုင်း စစ်မေးသည့် စာမေးပွဲကို ဖြေဆို အောင်မြင်ပြီးပါက သင်တန်းပြီးဆုံးကြောင်းအသိအမှတ်ပြုအောင်လက်မှတ်ကို ရရှိမည်ဖြစ်ပါသည်။ အောက်ဖော်ပြပါသင်ခန်းစာများကို မြန်မာ ဘာသာဖြင့်လေ့လာနိုင်ပါသည်။